ကလောမြို့နယ်၊ ​ဟဲဟိုး မြက်ဆက်ဖါးအောက်တောရဓမ္မရိပ်သာတွင်​ တူးဖေါ်ပေးသော စက်​​ရေတွင်း​ရေ​အောင်

က​မ္ဘောဇအနာဂတ်​အလင်းတန်းမြန်​မာ​ဖေါင်​​ဒေးရှင်း​(BFM)သည်​ စက်​​ရေတွင်းတူးစက်​ကြီးများဖြင့်​ မြန်​မာနိုင်​ငံတစ်ဝှမ်းလုံးရှိ ရေရှားပါး​သော​ဒေသများတွင်​ စက်​​ရေတွင်းများ တူး​ဖေါ်လှူဒါန်း​ပေးလျက်​ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလော မြို့နယ်​၊ ဟဲဟိုး မြက်ဆက်ဖါးအောက်တောရ ဓမ္မရိပ်သာတွင်​ တူး​ဖေါ်​ပေးခဲ့​သော စက်​​ရေ​တွင်းသည်​ (၁၈.၂.၂၀၁၇)ရက်​​နေ့၌ အနက်​​ပေ (၃၇၅)အ​ရောက်​တွင်​ တစ်​နာရီ​ရေ(၂၂၀၀) ဂါလန်​နှုန်းဖြင့် ရေအောင်ခဲ့ပါသည်။
အဆိုပါစက်​ရေတွင်းမှ ဓမ္မရိပ်သာရှိ ၀ါဆို သံဃာများ၊ ၂၀၁၇ခုနှစ်​ ဧပြီလအတွင်း ဖွင့်လှစ်​မည့်​ တရားစခန်းဝင် သံဃာတော်များ ယောဂီများအား သောက်သုံးရေ အကျိုးပြုနိုင်​မည်​ဖြစ်​ပါသည်​။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်​မာ​ဖေါင်​​ဒေးရှင်း​(BFM)​သည်​ ရေတွင်းတူးရန်​ အလွန်​ခက်​ခဲ​သော​နေရာ​ဒေသများ၌ စက်​ရေတွင်း​(၁၉၁)တွင်းတူး​ဖေါ်​ပေးခဲ့ပြီး (၁၄၄)တွင်း​အောင်​မြင်​စွာတူး​ဖေါ်နိုင်​ခဲ့ပြီဖြစ်​ပါသည်။ ထို့အတူ ကလောမြို့နယ်၊ ဟဲဟိုးဒေသအတွက် (၉)တွင်းမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ ထို့ပြင်​ ရှမ်းပြည်နယ် (တောင် ပိုင်း)၊ လွိုင်လင်မြို့နယ်​၊ ပြည်သူ့ ​ဆေးရုံနှင့်​ မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ဘိုးဘွားရိပ်သာ၊ ပြင်ဦးလွင်၊ ကျောက်ဖျာဒိုး ဖါးအောက်တောရ ဓမ္မရိပ်သာတို့တွင်​လည်း ​စက်​​ရေတွင်း​များ တပြိုင်​နက်​တူး​ဖေါ်လှူဒါန်း​လျက်​ရှိပါသည်​။