တောင်သာမြို့၊ ဘိုးဘွားရိပ်သာတွင်တစ်နာရီ ရေဂါလံ(၅၀၀၀) နှုန်း ထွက်ရှိသည့် စက်ရေတွင်းရေအောင်

ကမ္ဘောဇနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) သည်ခေတ်မီစက်ရေတွင်းတူးစက်ကြီးများဖြင့် မြန်မာနိုင်ငံတ၀ှမ်း ရေရှားပါးသောဒေသများတွင် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ဘိုးဘွားရိပ်သာတွင် တူးဖော်ပေးခဲ့သော စက်ရေတွင်းသည် (၁၉.၂.၂၀၁၇) ရက်နေ့၌  အနက်ပေ (၈၀၀) အရောက်တွင် တစ်နာရီရေ (၅၀၀၀)ဂါလံနှုန်းဖြင့် ရေအောင်ခဲ့ပြီဖြစ်ပါသည်။
အဆိုပါ စက်ရေတွင်းမှ တောင်သာမြို့ ရပ်ကွက်(၆) ရှိပြည်သူများ၊ ဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့ဆေးရုံမှ ၀န်ထမ်းများ၊ လူနာများအပါအ၀င် မြို့သူမြို့သား (၁၆၀၀၀) ကျော်အား သောက်သုံးရေ အကျိုးပြုနိုင်​မည်​ဖြစ်​ပါသည်​။ ယခုအောင်မြင်ခဲ့သော စက်ရေတွင်းသည် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်စွာတူးဖော်လှူဒါန်းပေးနိုင်ခဲ့သော (၈) တွင်းမြောက် ရေအောင်တွင်းဖြစ်ပြီး တောင်သာမြို့အတွက် ဒုတိယမြောက် ရေအောင်တွင်းလည်း ဖြစ်ပါသည်။ ​ဖောင်​​ဒေးရှင်း​သည်​ရေတွင်းတူးရန်​ အလွန်​ခက်​ခဲ​သော​နေရာ​ဒေသများ၌ စက်​ရေတွင်း​(၁၉၁)တွင်းတူး​ဖေါ်​ပေးခဲ့ပြီး (၁၄၅)တွင်း​ကို အောင်​မြင်​စွာတူး​ဖေါ်နိုင်​ခဲ့ပြီဖြစ်​ပါသည်။ ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကျောက်ဖျာဒိုး ဖားအောက်တောရ ဗုဒ္ဓဓမ္မရိပ်သာများတွင်လည်း စက်ရေတွင်းများ တစ်ပြိုင်နက် တူးဖော်လှူဒါန်းလျှက်ရှိပါသည်။