Articles from BFM

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက် ညနေက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ (ချောက်မြို့၏ အနောက်ဘက်(၁၂)မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ၄င်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့ရသော ပုဂံမြို့ရှိ ရှေးဟောင်းစေတီများ ပြန်လည်ပြုပြင်ရန်အတွက် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM) မှမြောက်ဥက္ကလာပမြို့နယ်တွင်တည်ရှိသော ဇေယျာသိင်္ဂီသီလရှင် ကျောင်းတိုက်သို့ ကျပ်သိန်း (၄၂၀) တန်ဖိုးရှိ Hyndai မီနီဘတ်စ် ယာဉ်တစ်စီးလှူဒါန်းခဲ့ပါသည်။

'' ကျွန်တော်တို့လို ငွေကြေးမတတ်နိုင်တဲ့သူတွေအဖို့က သမီးလေးဝေဒနာအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။
သူ့ရှေ့က အကြီးနှစ်ယောက်လည်း ဒီလိုမဖြစ်ခဲ့ဘူး။ 
သမီးအငယ်ဆုံးလေးကျမှ ဒီလိုဝေဒနာမျိုးဖြစ်တော့ 
စိတ်ထဲမှာဝမ်းနည်းပြီး ခံစားရတယ် ... ''

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် ၂၀၁၆ခုနှစ် ဇွန်လမှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရအဖွဲ့(၁၃)ခုသို့ အလှူငွေကျပ် သိန်း(၁၀၀၀)စီဖြင့် စုစုပေါင်းကျပ် သိန်းပေါင်း(၁၃,၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်သည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် နိုင်ငံအ၀ှမ်း ဘာသာရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အားကစားနှင့်ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် စက်ရေတွင်းတူးဖေါ်ရန်ခက်ခဲပြီး သောက်သုံးရေရှားပါသည့် ဒေသများတွင် စက်ရေတွင်းတူးဖေါ်သည့်စက်ကြီးများဖြင့် တူးဖေါ်ပေးလျက်ရှိရာ ယခု သြဂုတ်လအတွင်း စက်ရေတွင်းပေါင်း လေးတွင်းကို အောင်မြင်စွာ တူးဖေါ်နိုင်ခဲ့ပါသည်။ 

ရေဘေးဒုက္ခကြုံတွေ့နေသည့်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း BFM မှ (၁၅.၈.၂၀၁၆) ရက်နေ့တွင် ထမင်းဘူးများ ပေးဝေလှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ Smile Asia နှင့် ‪#‎BFM‬ တို့ ပူးပေါင်းဆောင်ရွက်သည့် Eight-Day Cleft Free Myanmar Initiative အစီအစဉ်၏ ပထမနေ့အဖြစ် ယနေ့ (၁၅.၈.၁၆) ရက်နေ့တွင် စတင်ခွဲစိတ်ကုသပေးခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) သည် ၂၀၁၆-ခုနှစ် ဇွန်လမှစ၍သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့(၁၂)ခုသို့ အလှူငွေကျပ် သိန်း(၁၀၀၀)စီဖြင့် စုစုပေါင်းကျပ် သိန်းပေါင်း(၁၂,၀၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ Smile Asia နှင့် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်သည့် Eight-Day Cleft Free Myanmar Initiative စတင်သည့် အခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center တွင် သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့ပါသည်။